ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူရှမ်းရိုးမ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းအား ကြည့်ရှုစစ်ဆေးခြင်း(၂၇-၂-၂၀၁၈)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည်(၂၇-၂-၂၀၁၈)နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ရှမ်းရိုးမ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း၊ စိမ်းလဲ့တောင်ကြား ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းတို့အား ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဉီးစွာ ဒုတိယသမ္မတသည် စခန်းရှုရပ်မှ ဆင်ထိန်းသိမ်းစောင့်ရှောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီး ဒေါက်တာ ညီညီအောင်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ထို့နောက်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ များက ထင်းရှူးပင်များကို အမှတ်တရစိုက်ပျိုးပေးကြသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် စခန်းရှင်းလင်းဆောင်သို့ရောက်ရှိကြရာ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက ရှမ်းရိုးမဆင်စခန်းဆိုင်ရာအချက်အလက်များ၊ရှမ်းရိုးမ အပန်းဖြေ ဆင်စခန်း ဖွင့်လှစ်ထားရှိမှု၊ စခန်းအတွင်းဆောင်ရွက်လျက်ရှိသည့် ဝန်ဆောင်မှုများနှင့် ဆက်လက်တိုးချဲ့ဆောင် ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက စခန်းတည်ထောင်ရသည့် ရည်ရွယ်ချက် ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ စခန်းအတွင်းသွားလာနေသည့်လမ်းများကို ရာသီ မရွေးသွားလာနိုင်သည့် လမ်းများအဖြစ် ဆောင်ရွက်ရေး၊ စခန်းကို အောင်မြင်သည့် သဘာဝအခြေခံ ခရီးသွား လုပ်ငန်းအဖြစ် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် နိုင်ငံတကာနယ်ပယ်တွင် ပိုမိုသိရှိ လာနိုင်ရန် ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ထို့နောက် ဒုတိယသမ္မတသည် ရှမ်းရှိုးမဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါစခန်းကို အစိမ်းရောင်စီးပွားရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပြီး နိုင်ငံတော်ဝင်ငွေရရှိရေး၊ ဆင်ဝန်ထမ်းများနှင့် မိသားစုဝင်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ မြန်မာ့သစ်လုပ်ငန်းမှ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး ဆောင်ရွက်နေမှုများကို အများပြည်သူ သိရှိလေ့လာနိုင်ရေး၊ ဆင်ထိန်းသိမ်းရေးစခန်းများမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ပူးတွဲဆောင်ရွက် နေမှုများကို အများပြည်သူများပါဝင် ဆောင်ရွက်လေ့လာနိုင်ရေး၊ မြန်မာနိုင်ငံ၏ သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်း များ တိုးမြှင့်ဆောင် ရွက်နိုင်ရေးနှင့် မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်များ ရေရှည်ရပ်တည်နိုင်ရေးတို့ကို ရည်ရွယ်၍ ၂၀၁၈ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်တွင် ဖွင့်လှစ်ခဲ့ပါသည်။

 

 

 

 

© 2018   Myanma Timber Enterprise. All Rights Reserved.